Sunday, June 1, 2014

လိုအပ်တာတွေပေးရမှာ

••••••••••••••••••••••••••••••••
လူများလိုအပ်တဲ့အချိန် လိုအပ်တာကို 
မပေးနိုင်ရင် ကိုယ်လိုတဲ့အချိန်မှာလဲ 
လိုတာကို မရနိုင်ဘူး။
ကိုယ်က ပေး. . . ပေး၊မပေး. . . ပေး ရနေသူဆိုတာကတော့
အတိတ်ကံဟောင်းကို ထိုင်စားတဲ့ လူအချို့ နဲ့ 
နတ်ဗြဟ္မာတွေပဲ ရှိလိမ့်မယ်။

“ပေးခြင်းဟူသည်” ပစ္စည်းတခုကိုသာ ပြောတာမဟုတ်ပါဘူး။
မေတ္တာ ၊အကြင်နာ၊စေတနာ တွေကိုလည်း
သူ့အတွက်လိုအပ်နေချိန်မှာ ပေးနိုင်ဖို့လိုပါတယ်။
(အရှင်တိက္ခဥာဏာလင်္ကာရ - ယောနွယ်)
Dhamma Dãna Source
Stars Album ပရဟိတ အဖွဲ့သား အဖွဲ့သူများနှင့် HJC ပရဟိတအသင်းသား အသင်းသူ တို့သည် ၃၁-၅-၂၀၁၄ (စနေ) နေ့တွင် ကေတုမတီမြို့သစ်(၇)လမ်းရှိ မဟာစည်သာသနာ့ရိပ်သာတွင် ကျောင်းသန့်ရှင်းရေးပြုလုပ်ပေးခြင်း ၊ သစ်များခွဲပေးခြင်း ၊ ထင်းများခွဲပေးခြင်း ၊ ထင်းများ နေရာရွှေ့ပေးခြင်း ၊ သရက်ပျိုးပင်များစိုက်ပျိုးရန် မြေပေါက်ပေးခြင်း ၊ မြေတူးပေးခြင်း ၊ မြေဆီမြေဆွေးများဖို့ပေးခြင်း ၊ သရက်ပင်များစိုက်ပျိုးပေးခြင်းတို့ဖြင့် လုပ်အားဒါနကုသိုလ် ပါဝင်လှူဒါန်းခဲ့ပါသည်။
ပြုခဲ့သောကုသိုလ်အစုစုတို့အား အမျှပေးဝေပါသည်။ သာဓုခေါ်ကြပါကုန်။

Thursday, May 29, 2014

အစည်းအဝေးဖိတ်ကြားခြင်း

×××××××××××××××××××
တောင်ငူခရိုင်၊ကြို့ပင်ဆိပ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းမည့်ကိစ္စအား ဆွေးနွေးညှိနှိုင်းလိုပါ၍ Stars Album လူငယ်ပရဟိတအဖွဲ့ အဖွဲ့သားများ အနေဖြင့် မပျက်မကွက်(မပျက်မကွက်) တက်ရောက်ပေးပါရန် ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်…၃၁-၅-၂၀၁၄(စနေနေ့)
အချိန်…နံနက်(၈:ဝဝ)နာရီ
နေရာ…မဟာစည်ဓမ္မရိပ်သာ
(၇)လမ်း၊ကေတုမတီမြို့သစ်၊ တောင်ငူမြို့

Stars Album Facebook

Tuesday, May 27, 2014

လှူဒါန်းနိုင်ပါသည်

ကျေးဇူးတင်ပါသည်

ကျေးဇူးတင်ရှိခြင်း…

Stars Album လူငယ်ပရဟိတအဖွဲ့အတွက် ဖိတ်စာများ အခမဲ့ရိုက်ပေးသော "ရွှေအိ" ကွန်ပျူတာမိတ္တူဆိုင်အား ကျေးဇူးအထူးတင်ရှိပါသည်။

“ပရဟိတထက် အတ္တဟိတက ပိုခက်သည်"

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ၏ သြဝါဒ

“ပရဟိတထက် အတ္တဟိတက ပိုခက်သည်”
•••••••••••••••••••••••••••••••••••••••••••••••
သူများကို မပြောသင့်တာ မပြောဖို့၊
မလုပ်သင့်တာ မလုပ်ဖို့၊
ပြောရတာ လွယ်မှလွယ်။
ကိုယ်ကိုယ်တိုင် မပြောသင့်တာ မပြောဖို့၊
မလုပ်သင့်တာ မလုပ်ဖို့ ခက်မှခက်။
မပြောသင့်တာ မပြောတာ၊
မလုပ်သင့်တာ မလုပ်တာ
“ကိုယ်ကျင့်တရား”ပဲလေ။

သူများကို ပြောသင့်တာ ပြောဖို့၊
လုပ်သင့်တာ လုပ်ဖို့ ပြောရတာ လွယ်မှလွယ်၊
ကိုယ်ကိုယ်တိုင် ပြောသင့်တာ ပြောဖို့၊
လုပ်သင့်တာ လုပ်ဖို့ ခက်မှခက်။
ပြောသင့်တာ ပြောတာ၊
လုပ်သင့်တာ လုပ်တာ၊
“ကိုယ့်ကျင့်တရား”ပဲလေ။

ဒါကြောင့် ပရဟိတထက်၊
အတ္တဟိတက ပိုခက်တယ်လို့ ပြောတာပါ။

【အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】

Dhamma Dãna Source

Friday, May 23, 2014

ဖိတ်စာများ online မှ ပို့ပေးမည်

Stars Album ပွဲဖိတ်စာတွေကို ONLINE မှ ပို့ပေးပါမည်။ mail လိပ်စာများ ပေးထားခဲ့ကြပါ။
Facebook မှာလည်း တင်ပေးမှာ ဖြစ်သလို [ဒီဘလော့ဂ် http://www.starsalbum.blogspot.com] မှာလည်း ကြည့်ရှုနိုင်ပါသည်။

ဖိတ်စာများ online မှပို့ပေးမည်

Stars Album ပွဲဖိတ်စာတွေကို ONLINE မှ ပို့ပေးပါမည်။ mail လိပ်စာများ ပေးထားခဲ့ကြပါ။
Facebook မှာလည်း တင်ပေးမှာ ဖြစ်သလို ဒီဘလော့ဂ် မှာလည်း ကြည့်ရှုနိုင်ပါသည်။

လှူဒါန်းနိုင်ပါသည်။

Stars Album မှကြို့ပင်ဆိပ်ရွာ မူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းမည် ဖြစ်ပါ၍ စာရေးကိရိယာများ နှင့် အလှူငွေများ လာရောက်လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်လှူဒါန်းရန်
၀၉ ၃၃၆၄၆၆၈၄ ၊ ၀၉ ၄၂၈၂၀၅၃၈၈ ၊ ၀၉ ၃၁၇၆၁၂၀၉ ၊ ၀၉ ၄၂၈၁၄၈၄၀၇

ဓာတ်ပုံ-StarsAlbum မှထုတ်ဝေသော ကြို့ပင်ဆိပ်ရွာ မူလတန်းကျောင်းအလှူအကြောင်း လက်ကမ်းစာရွက်


[image_0]

Tuesday, March 11, 2014

Stars Album မှ ကြို့ပင်ဆိပ်ရွာ စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းမည်။

Ref:Stars Album Facebook Page

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကြို့ပင်သာကျေးရွာ မှ စာသင်ကျောင်းလေးသည် ကိုယ့်အားကိုယ်ကိုး ကျောင်းလေးဖြစ်ခဲ့ပါသည်။ ယခုအခါတွင် အစိုးရမှ တရားဝင်ဖွင့်လှစ်ခွင့် ပေးခဲ့သော်ငြား တစ်နှစ်စာ ငွေ တစ်သိန်းသာ ထောက်ပံ့သောကြောင့် လောက်ငှမှုမရှိပါ။ ကျောင်းသားပေါင်း ၈၀ခန့်ရှိပြီး အလွန်ဆင်းရဲနွမ်းပါးကြပါသည်။ ထိုအကြောင်းနှင့် ပတ်သတ်ပြီး ကျောင်းဆရာမ ဒေါ်သီတာမှ
"ကလေးတွေ ဘယ်လောက်ထိဆင်းရဲလဲ ဆိုရင် အချို့ဆို နေ့လည်စာမစားတာကြာလို့ နေ့လည်စာ စားရမှန်းတောင် မသိတော့ ဘူး။ လမ်းပန်းဆက်သွယ်ရေးကလည်း ဆိုးတော့ ကလေးတွေဆို ဘာဗဟုသုတမှ မရှိကြပါဘူး။ စာအုပ်စာစောင်ကလည်းမရှိ လျှပ်စစ်မီးလည်းမရ ဆိုတော့ ကလေးတွေရဲ့အနာဂတ်က ရင်လေးစရာပါဘဲ။ မြို့ပေါ်က ၇၀တန် စာအုပ်တစ်အုပ် ဟာ ဒီရွာမှာ ၂၀၀တောင်ပေးရတယ်။ ဈေးကြီးတဲ့အတွက် အပြစ်ပြောစရာတော့ မရှိပါဘူး။ လမ်းပန်းဆက်သွယ်ရေးကလည်း ဝေးတာကိုး။" ဟု Stars Album ကို ပြောပါသည်။ 
ထို့ကြောင့် Stars Album မှ Second Semester အစတွင် သွားလှူဒါန်းမည် ဖြစ်ပါသည်။


ကြို့ပင်ဆိပ်ရွာမှစာသင်ကျောင်းလေး
ဓာတ်ပုံ-သန့်ဇော်ဝင်း

ရေတာရှည်ဘိုးဘွားရိပ်သာသို့ဒါနပြုခြင်း

အပြည့်အစုံကို Stars Album facebook တွင်ဖတ်ရှုနိုင်ပါသည်။
ဓာတ်ပုံ-သန့်ဇော်ဝင်း


Stars Album Blog Admin မှအသိပေးခြင်း


Stars Album Blog လေးလုပ်ထားခဲ့သည်မှာ ကြာပြီ။သို့ရာတွင် post များမတင်ဖြစ်။ facebook page တွင်သာ တင်ဖြစ်နေသည်။သို့သော် social media တွေမှာ Stars Album Activity တွေများများသိစေ၊ပျံနှံ့စေဖို့ ဒီ blog လေးအသက်ဝင်လာရပြန်ပါပြီ။ ကျွန်တော်လည်း အရင်က Stars Album activity တွေကို viber group မှာ ပို့လိုက် facebook page မှာ ပြေးတင်လိုက်လုပ်နေရာကနေ blog တစ်ခုလုပ်ဖြစ်ခဲ့ပြန်ပါပြီ။ IT သမားမဟုတ်သောကြောင့် blog style လန်းလန်းလေးတွေ အခြားအပို accessory တွေ မလုပ်တတ်သေးပါ။ ကြံဖန်သင်ယူရပါဦးမည်။
ဒီ blog မှာတော့ Stars Album ရဲ့ ရပ်တည်ချက်တွေ ၊ အမှုဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေ ထုတ်ပြန်ချက်တွေကိုပဲ ဦးစားပေးဖော်ပြသွားပါမည်။ facebook.page မှာဆိုရင်တော့ Stars Album ရဲ့ Activity အလုံးစုံကို up to date တင်ပေးသွားမှာဖြစ်ပြီး အခြားကဏ္ဏတစ်ရပ်အနေဖြင့် "ဓမ္မစကား၊တရားအမြင်" အစီအစဉ်ကိုလည်း တင်ပေးသွားပါမည်။

ဝေဖန်အကြံပြုချင်ရင်တော့ starsalbum2013@gmail.com ကိုစာရေးသားဆက်သွယ်လို့ရတဲ့အပြင် ကျွန်တော့် email ဖြစ်တဲ့ thantzawwin.du@gmail.com ကို ဆက်သွယ်ပြီးအကြံပြုနိုင်ပါတယ်။
facebook pageကနေ message ပို့လို့ရတဲ့အပြင် ဖုန်းနဲ့ဆက်သွယ်မယ်ဆိုရင်တော့ ၀၉ ၃၁၇၆၁၂၀၉ ကို ဆက်သွယ်နိုင်ပါတယ်။

သန့်ဇော်ဝင်း
သတင်းနှင့်ပြန်ကြားရေး

အမှုဆောင်အဖွဲ့(၂၀၁၃-၁၄)


Stars Album လူငယ်ပရဟိတအဖွဲ့
ဗဟိုအမှုဆောင်ကော်မတီ
(၂၀၁၃-၁၄)

ဥက္ကဋ္ဌ
ကိုရှိန်းထက်ဇော်

ဒုတိယဥက္ကဋ္ဌ
ကိုကျော်ပြည့်စုံ

အတွင်းရေးမှူး
ကိုခန့်မောင်မောင်ဆက်

တွဲဖက်အတွင်းရေးမှူး
ကိုဖြိုးအောင်

စာရင်းအဖွဲ့
(၁)ကိုရဲမင်း
(၂)မမေသော်တာထွန်း
(၃)မချိုချိုသက်နိုင်

သတင်းနှင့်ပြန်ကြားရေး
သန့်ဇော်ဝင်း

စည်းရုံးရေးမှူးများ
(၁)ကိုထက်ဦးယံ
(၂)မသက်ထားဝေ
(၃)မဟေဇံရှင်ထူး

(အမှုဆောင်ကော်မတီ၏ သက်တမ်းမှာ ပညာသင်နှစ်တစ်နှစ်ဖြစ်ပါသည်။)

Stars Album လှူဒါန်းခဲ့သည့် အမက(ဇောင်ချမ်းတောင်) ကို တွေ့ရစဉ်

အပြည့်အစုံကို facebook စာမျက်နှာတွင် ကြည့်နိုင်ပါသည်။
ဓာတ်ပုံ-သန့်ဇော်ဝင်း

Stars Album ဥက္ကဋ္ဌ မှ အမက(ဇောင်ချမ်းတောင်)ကျောင်းအုပ်ကြီးထံသို့ စာအုပ်များပေးအပ်လှူဒါန်းစဉ်

ဓာတ်ပုံ-ပြန်ကြားရေး

Stars Album အဖွဲ့သားများ

Stars Album အဖွဲ့သားများ